Friday, December 21, 2012
ဘက်နက်၊ ယမ်းငွေ.၊မျက်ရည်
အိုးအိမ်မဲ့ စာသင်ကျောင်းမဲ့ အနာဂတ်တွေ
မသိလိုက်ရတဲ့ဈာပနတွေ
မျက်တွင်းဟောက်ပက် ဘိုးဘွားတွေ ။
သေနေတာက လူတွေ
ခုနကတစ်ယောက် ခုတစ်ယောက်
ပျောက်ခြင်းမလှ
အမေတွေ မျက်ရည်ကျရတယ်
ကလေးတွေ လမ်းပျောက်ခဲ့ရတယ်
ချစ်သူတွေကွေကွင်းခဲ့ရတယ်
မချစ်သောသူနဲ.အတူနေနေရတယ်
မိုးခေါင်ရေရှားတယ်
တော်လဲ မုန်တိုင်း ငလျင် သဲတယ် ။
ကျောက်ဂူထဲက
သမိုင်းတောင်
ချစ်စရာကောင်းဦးမယ်
ရာစုနှစ်ပေါင်းများစွာဟာ
မိုးမလင်းဘူး
ယဉ်ကျေးမှုပျက်နေတဲ့
ညနက်တွေ ။
အချင်းချင်းစိတ်ဝမ်းအခွဲခံခဲ့ရ
လွမ်းစရာပါ
ပန်းမပွင့် စမ်းရေမစီး
သွေးတွေစီးတယ်။
စစ် 
မီး
ကျည်ဆန်
ငရဲခန်း
ရှေ.ကလမ်းမှာလဲ
ဘာတွေ တမ်းတလို.ရမလဲ။
စိတ်တွေ
အပိုင်းပိုင်းပြတ်လို.
တနံတလျား
ကစင့်ကလျားနဲ. ခြေဦးတည့်ရာ လူအုပ်ကြီးတွေ ။    
မနေ.က တိုက်ပွဲမှာ ကျသွားတယ်
                                                ၂၁-၁၂-၂၀၁၂