ဗေဒါရောင်တမ်းခြင်း
ဒါဟာ
တကယ်ပါအချစ်ရယ်။
စာသင်ခန်းရဲ.
တဖက်တချက်
လယ်ကွက်နဲ.ချောင်းရိုး
အရိပ်ထိုးနေဆဲပါ။
အတုမမြင်
အတတ်မသင်
ရင်နာဖွယ်လား
ကြင်နာဖွယ်လား
နားမလည်နိုင်တော့ဘူးလေ။
နေ.ဘက်စာသင်
ညတွင်ကိုင်းထောက်
နှစ်နှစ်လောက်တတန်း
လေးတန်းလောက်ရောက်တော့
တချို.ကမြို.တက်
တချို.ကလယ်ဘက်
ပညာဆက်ပြီးရှာကြတယ်။
ကြိုးစားပါဆရာ
လိုရာဖန်တီးပေးမယ်
ကျွန်တော်တို.က
မင်္ဂလသုတ်
တ၀က်တပျက်
စစ်မက်နဲ.ကြီးပြင်း ပြေးလွားရင်းစာငတ်
ဘာတတ်လို.လဲ
ဆရာရယ်တဲ့။
ဒါဟာ
တကယ်ပါ
အချစ်ရယ်။
ဒါဝင်
နယူတန် အိုင်းစတိုင်း
မြို.ပြ၀ိုင်းတွေမှာ
တချို.နားရိုင်းတုန်း
ဗျြန်းကနဲတိုးတက်ဖို.
ကျေးလက်ဟာ
ဆေးချက်လိုသေးတယ်။
ဒီဝေဒနာ
နေရာတကာကုသ
ပထမခြေလှမ်း
သန်စွမ်းဖို.လိုကြောင်း
ခေါင်းလောင်းသံချို
ပဲ့တင်ထပ်
မြို.အရပ်သူသိပါတော့။ ။
မြေနု(မြစ်ဝကျွန်းပေါ်)
အမှတ်ရသမျှပြန်လည်ခံစားခြင်း