ညီမလေးအတွက် ကဗျာ
ရိုးသားခြင်းဆိုတာ
ဂျင်ဆင်းဆေးမြစ်
မဟုတ်ခဲ့
ကူသူမဲ့
သောင်ထွန်း
ကမ်းပါးပြိုကျ
ဘာလဲ
ဘ၀ရယ်
ဗီတာမင်
ပရိုတိန်းမပါတဲ့
ညစာတစ်နပ်
ပြန်ချုပ်လို.မရအောင်
စုတ်ပြတ်သွားတဲ့
ဖိနပ်တစ်ရံလို
အမှန်တရားတဲ့လား
အခါးသားပဲ
ဝါးရင်း
ဝါးရင်း
ထွေးအံမိတော့မလား
နွမ်းလျှအိမ်ပြန်
ကိုယ့်ရင်ခုန်သံ ကိုယ်သံသယဖြစ်မိ
မှားယွင်းခဲ့သလား
မှားခဲ့သလား
ဘီယာဆိုင်က
တစ်ဝိုင်းစာမရှိတဲ့ လစာ
အမေ့မျက်ရည်
ဟိုး…ထောင့်တစ်နေရာက
မှေးမှိန်နေတဲ့
မျက်ဝန်းတွေ
အမေ…
သမီး
မမှားဘူးနော်
အားလုံးဖက်ငိုကြ
ကျောတစ်နေရာစာ
မလုံခြုံနိုင်တဲ့
အိမ်ကလေးထဲ
မနက်ဖန်ပြိုကွဲလို…..။ ။
ဝင်းကို
၂၈-၅-၁၂