ငါတို.ရဲ.နှလုံးသား
မြောင်းထဲက
အလေ့ကျ ကန်စွန်းရွက်တွေခူးဆွတ်ရင်း
သက်ပြင်း အခါခါချ
မွဲပြာကျနေတဲ့ ဘ၀တွေ
လေပြေမဲ့နွေထဲ…….။
တွန်.ကြေနေတဲ့
ကပိုကရို အလှ
မနက်ခင်း အလုပ်ဆင်းတိုင်းမြင်နေကျ။
ကံတရားလား
ပညာမသင်နိုင်ခဲ့တာ
ဘ၀မှာ
မိအိုဖအိုလုပ်ကျွေးမှု
အဲဒီကုသိုလ်နဲ.
အမြင့်ဆုံးပျံသန်း
မရမ်းကားခဲ့ဘူး
တိုင်းပြည်ကိုရောင်းမစားခဲ့ဘူး
ဘယ်သူ.မျက်ရည်ကိုမှ မသောက်သုံးခဲ့ဘူး
ငါတို.လက် သွေးမစွန်းခဲ့ဘူး…….။
ငါတို.ရတဲ့လစာ
ငါတို.ရဲ.ထမင်း
ငါတို.လျှာမြက်ပေါက်ပါစေ။
ဟေ့
တရားကို နတ်မစောင့်တဲ့ခေတ်
အဲဒီ
တရားအတွက်
အလုပ်ကထွက်ခဲ့တယ်
အလုပ်ထုတ်ရုံမကလို.
စကြာဝဠာအပြင်ကိုပဲထုတ်ထုတ်
ငါတို.ပြန်လာမယ်….။
ငါတို.ပြန်လာမယ်
ငါတို.လမ်း
ငြိမ်းချမ်းတယ်
အဲဒီငြိမ်းချမ်းရေး
ငါတို.အတွက် ပန်းဖွေးဖွေး
ဘိုးဘေးဘီဘင်
ရာဇ၀င်တွင်ရစ်သော
ငါတို.အရေးတော်ပုံ…..
ငါတို.၏
တရားမျှတလွတ်လပ်ခြင်းနှင့်
မသွေ
တို.ပြည်….တို.ပြည်……….။ ။
ဝင်းကို
၂၇-၅-၁၂
(အလုပ်သမားများသို.)
No comments:
Post a Comment