တစ်စားပွဲထဲ ညနဲ.အတူ
ညဥ့်ငှက်အော်သံမှာ
ညဟာ ဆူညံစွာပေါက်ကွဲသွားတယ်
ပြီးတော့ ပြန်ငြိမ်သက်လို.
ပတ်ဝန်းကျင်က မီးလုံးဝါ၀ါတွေ
ရေထဲရောင်ပြန်ဟပ်နေကြ
သစ်ရွက်တွေ မလှုပ်မရှက်နဲ.
ည တစ်နာရီ သုံးဆယ့်လေးမိနစ်
ခုချိန် ဘယ်သူ သတိရနေမလဲ
ဘယ်သူ နိုးထ နေမလဲ
ကြယ်တွေ မရှိတဲ့ညပါ
ဘယ်သူမှ မရှိတဲ့ညတစ်ည
စိတ်ထဲ စိတ်တောင်မရှိတဲ့ည
ကိုယ့်ကိုယ်ကိုယ်
မေ့လျော့နေခဲ့တယ် ။ ။
ဝင်းကို
၅-၀၉-၁၃