အမေ …. ပျင်းနေပြီလား
ဆံသဆိုင်ကပြန်လာတော့
မိုးဝေါခနဲရွာတယ်
ရပ်ကွက်လေးထဲ ရေတက်စပြုနေပြီ
ညနေဘက်
ဝက်စာယူသူတွေ
ဈေးသိမ်းပြန်သူတွေ
ငါးမျှားနေသူတွေနဲ.
ကလေးငိုသံ ဘဲအော်သံ
ကြက်အော်သံ ခွေးဟောင်သံ
သီချင်းအော်ဆိုသံ
ဒါတွေက
ရပ်ကွက်ကို ရပ်ကွက်ဖြစ်စေခဲ့
အမေပြာစ မြုပ်နှံရာနေရာမှာဆို
ဂူတွေ မြေပုံတွေ
ဟိုတစ်လုံး ဒီတစ်ခု
တိတ်ဆိတ်မှုမင်းမူရာ တစပြင် ။ ။
ဝင်းကို
၎-၀၉-၁၃
No comments:
Post a Comment