ဆိုင်းဘုတ်တွေပြောင်းသွားတယ်
လမ်းဘေးကသစ်ပင်တွေပေါ်
ဖုန်အလိမ်းလိမ်း။
မျက်လုံးဖေါက်ထားတဲ့လူတွေမီးအိမ်ရှာတယ်
အားလုံးစကားသံတိုးတိုး
မျက်နှာမှာမျက်နှာမရှိ
ချစ်သူ၊ဇနီး၊အမေ၊ကလေး
မှိုင်တွေငေးမော။
ကလေးတွေကစားပါစေ
ဘေးကနေကွေ.လျှောက်ရင်း
သူတို.သက်ပြင်းသံကြားတယ်
အချင်းချင်းမနောက်ပြောင်ကြ
အမှိုက်စနဲ.
နေ.ညစာချက်ပြုတ်တယ်။
မြို.သစ်ကလေးက
ဟိုနားတစ်အိမ်..ဒီနားတစ်အိမ်
တိမ်တွေမနေတဲ့စီရင်စုမှာ
ငါ့မိနဲ.ဘ
ချွေးနဲ.ခေါင်မိုးမိုးတယ်။
No comments:
Post a Comment