အိပ်မက်…မက်…နေ
နေ.တဓူဝရဲ.သံသရာထဲလွင့်ပါလှုပ်ခတ်
နိုင်ရာစားသားရဲဥပဒေနဲ.ဂူနေလူမှုဘဝ
မီးခနခနပြတ်တယ်
ရေအကြိမ်ကြိမ်ငတ်ခဲ့ရတယ်
ထမင်းတစ်ဇလုံနဲ.ဟင်းမည်ကာမတ္တ
အဟာရပြတ်တယ်
ဖုန်းဆိုးမြေထဲ
သစ်ပင်ကင်းမဲ့နေပုံများ
မျက်တွင်းဟောက်ပက်နဲ.ကလေးတွေက
ကျုံလှီချိနဲ.စွာစာအုပ်လှန်တယ်
အနာဂတ်သီချင်းဆိုတယ်
မေတ္တာငတ်မွတ်စွာကျောချင်းကပ်လို.
အရုဏ်နံနက်ကိုမျှော်ငေးလို.
သင်တို.ကိုကြိုဆိုချင်ပါတယ်။ ။
ဝင်းကို
၂-၄-၁၂
No comments:
Post a Comment