ပိတောက်ပွင့်ဟာရင်မှာမီးလျှံ
ပိတောက်ပွင့်ရေ
နေရောင်ကျဲကျဲ၊ရေသွန်းပွဲ။
မျော်လင့်စိတ်နှင့်
တိတ်တိတ်ကြိုဆီး၊မညည်းမညူ
သူ..
သူ.ရဲ.ခြေသံ၊ပျံသန်းရစ်ဝဲ။
ပိတောက်ပွင့်ရေ
လေပြေတိတ်ဆိတ်၊အိပ်မက်သွေ.ခြောက်
မိုးပေါက်မမျှော်၊ရမ်းရော်ခြေမွ
မလာစေချင်။
ပိတောက်ပွင့်ရယ်
ရင်နင့်စေခဲ့၊တစ်နွေတစ်ခါ
သစ္စာစတေး၊ရနံ.မွေးနု
ဥပေက္ခာလေ။
ရွှေအိုပွင့်ဖတ်
ထပ်ထပ်မြေပေါ်၊ရပ်နေကျန်ရစ်
နောက်တစ်နှစ်မှာ
မလာပါနဲ.တော့ကွယ်။ ။
ဝင်းကို
၁၄-၄-၁၂
No comments:
Post a Comment