အမေ့ကိုလွမ်း
တရိုတသေဆိုပေမယ်.
မရိုမသေဖြစ်မှာစိုးမိတယ် အမေ။
တန်ခူးဆိုတော့လည်း
ငယ်မူပြန်စိတ်ကူးတွေနဲ.
အရူးအမူးပေါ့အမေရယ်
မြင်ကွင်းတွေလည်း
ထင်ထင်လင်းလင်းမဟုတ်
အပေါင်းအနုတ်သံသရာထဲ
လဲကျနိုးထရင်း
ဟုတ်တယ်အမေ
တနှစ်ကူးပြန်ပေါ့။
ပုရစ်ကယ်ရွှေဥ
ပင်တိုင်းစုကြ
ယုယုယယနဲ.
သူ.ကိုယ်သူလန်းပြနေလိုက်တာ
အဲဒါ ဥသြတွန်သံပါအမေ။
စိတ်တွေလည်း
ရိုးတံကျဲကျဲပေါ်က
ဟိုတစသည်တစ ရွက်နုလို
ငိုမရရယ်မရနဲ.။
သင်္ကြန်အလွန်
ဧပြီ နှစ်ဆယ့်လေး
သွေးပေါင်ချိန်ထိုးကျ
ထိုးကျ
အောက်ဆီဂျင်ပေးကြပါ
အမေ ထွက်ခွါသွားတယ်။
နောက်ဆုံးအချိန်
အသက်ခက်ခက်ခဲခဲရူနေရတဲ့အချိန်
သားမင်းမပြန်သေးဘူးလား
ကျနော် စာသင်ဖို. ပြန်လွှတ်ခဲ့တဲ့ အမေ
ဟုတ်ကဲ့အမေ
ကျနော် စာသင်နေပါတယ်။
အမေက
ကျနော်တို.ရဲ.ပြတင်းပေါက်ကိုဖွင်.ပေးခဲ.သူပါ
အမေ.ကြောင်.
ကျနော်တို.ရဲ.နာမည်တွေပြီးပြည့်စုံခဲ.တာ။
အမေ
နေရာအနှံ.ရေတွေ ရွှဲရွှဲစိုလို.
လူတွေလည်း
သူတို.ကိုယ်ကိုလောင်ကျွမ်းလို.။
အမေ့နေရာ
နောက်ဖေးမီးဖိုချောင်လေး
အဲဒီမီးဖိုဘေး
အခုထိ
ကျနော်ပြန်မရောက်သေးဘူး အမေ။ ။
ဝင်းကို
၁၆-၄-၁၂
No comments:
Post a Comment