မ နေ. က
ဘယ်သူမှ မလာမဲ့လမ်းကို မျှော်နေမိတယ်
ကွေ.ပြီး ပျောက်သွားတဲ့ လမ်းလေးထဲက
ဘွားကနဲ ပေါ်လာနိုးနိုးပေါ့
မြင်နေရပါတယ်
မျှော်လင့်ချက်အသေတွေ။
သတိအရဆုံးအချိန်တွေဆို ဘာလုပ်သလဲ
တိုးတိုးလေးပါ
သူမကြားအောင် ဖွဖွ ရယ်မိတယ်
ကျိန်းသေတယ်
သတိရနေတာ မသိခဲ့တာပဲ ။
မိုးက သဲသဲရွာပါတယ်
မိုးသဲသဲထဲ ပြန်လာခဲ့
ကျောပေါ်က ၀န်ထက် ဘာက လေးလံနေပါလိမ့်
ဘ၀မှာ ပိတ်ထားတဲ့ တံခါးတစ်ချပ်နဲ.
တစ်ဖက်ပိတ် လမ်းကလေး
အဝေးမှာ
ဆိပ်ကမ်းဟာ ကျန်ရစ်ပြီ။
ပြန်ရတော့မယ်
လမ်းကွေ.လေးကို တစ်ခါ မျှော်ကြည့်နေမိတယ်
ဒါ … နောက်ဆုံးပါ
တကယ် နောက်ဆုံးပါ
မနက်ဖြန်ဆိုလဲ
မနေ.ကလိုပါပဲလေ ။ ။
ဝင်းကို
၁၆-၁၀-၁၃