ချူချာနေတဲ့ အလွမ်းတွေ ( ၀င်းကို…..၂၀-၆-၂၀၁၃
)
နေမကောင်းတာကြာပေါ့
ရွာလိုက်တဲ့မိုးက စွေ စွေနိုင်လွန်းရဲ.
တလောကလုံးလည်း အုံ.မှိုင်းနေတယ်
ခေါင်းလည်း အုံခဲလို.
နေမမြင်ရတဲ့နေ.တွေလား
ငှက်တွေမရှိဘူး မကြည်ပြာရဲ.
တယောက်ထဲ သေဆုံးနေတဲ့ အခန်းကျဉ်းလေး
တယောက်ထဲ ပို.လိုက်ရတဲ့ ဈာပန
ဒါနဲ.တောင်
ပျော်အောင်နေပါဆိုတဲ့ တခါက မိတ်ဆွေရဲ. စာတိုလေး
ကူးတို.ခလို မထွေးနိုင် မအံနိုင်
ယိမ်းယိုင် ချိနဲ.စွာ
ကျန်းမာပါကြောင်း
စိတ်မပါဖြစ်တော့တဲ့ ခပ်ယဲ့ယဲ့ရှင်သန်ခြင်းတွေမှာ
မနက်ဖြန်လား နောက်တစ်လလား
အားလုံးဟာ
ကြယ်မရှိခဲ့ လမရှိခဲ့
နောက်ဆုံး
နင်းစရာ မြေမရှိ
ကောင်းကင်တစ်ခုလုံး အလွမ်းအတိနဲ.
ခုထိ နေမကောင်းသေးပါဘူးကွယ် ။ ။
No comments:
Post a Comment