လွမ်းခဲ့ရသော
သင်္ကြန်အားရက်တွေထဲ သီချင်းတချို.နားထောင်ဖြစ်တယ်
၊ ငယ်ငယ်ထဲက သီချင်းဝါသနာပါခဲ့တာဆိုတော့ ခုဒီအရွယ်အပိုင်းအခြားမှာလဲ သီချင်းကတော့ ကြားတာနဲ.နားထောင်မိနေတာပါပဲ၊
ငယ်ငယ်က ဟိုးအညာ သရက်မြို.ကလေး၊ အဲဒီမှာ အလယ်တန်းကျောင်းသားဘ၀၊ စပြီးခံစားတတ်ခါစ၊
သရက်မြို.က ဧရာဝတီရဲ.အနောက်ဘက် ၊ ဧရာဝတီဆိုတာနဲ.
ဧရာဝတီမြစ်ဘေးနေခဲ့ဘူးသူတိုင်း ရင်ခုန်စရာပါ ၊ အသက်ကြီးလာလို. ငယ်ဘ၀ကိုတွေးတိုင်း ဧရာဝတီဟာ
ကျွန်တော့်ကိုဖြတ်ပြီးစီးဆင်းနေတုန်း ၊ နွေ သဲသောင်ပြင်တွေ၊ မိုး ရေစီးပြင်းပြင်းနဲ.
အလှမ်းဝေးလွန်းတဲ့ ဟိုဘက်ကမ်း၊ ဆောင်း ငြိမ်သက်နေတဲ့ ရေပြင်နောက်က မြူခိုးတွေဝေမှိုင်းနေတဲ့
ရခိုင်ရိုးမတောင်တန်း ၊
ဧရာဝတီကို ကျွန်တော်လွမ်းနေခဲ့တယ် ၊ အို
ဘာကြောင့် ဧရာဝတီကို လွမ်းနေမိပါလိမ့် ၊ ကျောင်းကုန်း ဧည့်မှူးရဲ.အက်ဆေးထဲက စကားလုံးအချို.ကို
သတိရမိ ၊
ကျွန်တော်တို.သည် မွေးစအချိန်ကတည်းက ကျွန်တော်တို.၏
ဝိဥာဉ်များကို ကျွန်တော်တို. ချက်မြုပ်ရာအရပ်မှာ အပြီးတိုင် မြုပ်နှံထားနှင့်ပြီးလေသောကြောင့်
……တဲ့
ဟုတ်တယ် ၊ သေချာတယ် ၊ ဧရာဝတီကို ကျွန်တော်
အိပ်မက် မကြာမကြာမက်ရဲ. ၊ မကြာမကြာမြင်ရဲ. ၊ မကြာမကြာလွမ်းရဲ. ၊
မရောက်ဖြစ်တာ အလွန်.အလွန်ကြာမြင့်ခဲ့သောဧရာဝတီမှာ
ကျွန်တော် ရေကူး ၊ လှော်ခတ်သွားသော လှေများပေါ်က ဖရဲသခွါးပစ်ချပေးခဲ့သည်ကို အားပါးတရစားရင်း
လှိုင်းစီးခဲ့ ၊ သဲသောင်ကမ်းပါးမှာထိုင်ရင်း ရှုမျှော်ခင်းများ ငေးရီခဲ့ ၊
ဒီနေရာမှာတော့ သီချင်းတစ်ပုဒ်က ကျွန်တော့်ဘဝ
တစိတ်တပိုင်း ဖြစ်လာခဲ့သည်၊
“ တိမ်တိုက်တွေရဲ.အဆုံး အနောက်ဘက်က
အဝေးမိုးကုပ်တနေရာမှာ
နေရောင်တချို.ရှိနေသေးရဲ. မြူတွေဆိုင်းနေတဲ့
ရခိုင်ရိုးမရဲ.အရိပ်
ဟိုဘက်ကမ်းခြေ မြစ်ရိုးမှာ မှောင်မိုက်နေပြီ
အေးမြတဲ့ မြောက်လေကြောင်းကို ဆန်ပြီး
ပျံသန်းခဲ့တဲ့ငှက်ကလေးတွေ
အလင်းရောင်က မရှိမဲ့ရှိမဲ့ ခရီးဝေးကို
ပြန်သန်းခဲ့ရလို. ပင်ပန်းခဲ့ပြီလား
ခရီးဖေါ် အပေါင်းအသင်းတွေနဲ. မိုးမချုပ်မှီ
အိမ်ကို ပြန်ခဲ့ပြီ
ဧရာဝတီ ……………….ဧရာဝတီ …………………ဧရာဝတီ
”
ကလေးဘ၀ လွတ်လပ်မှု အရိုင်းအစိုင်းဆံမှု ပျော်ရွှင်မှုတွေအပြည့်အ၀ရခဲ့
၊ အဲဒီတုန်းထဲက ဧရာဝတီဟာ သူကိုယ်တိုင် နာကျင်နေခဲ့ပေမဲ့ ကျွန်တော်တို.ကို ဘယ် နာကျင်မှု
ခါးသီးမှု မုန်းတီးမှုတွေ မပေးခဲ့ ၊ ရာဇ၀င်များရဲ. သတို.သမီးပီသစွာ စီးဆင်းနေမြဲ ၊မနက်
နေ.လည် ညနေခင်းတွေမှာ ဧရာဝတီဟာ ကျွန်တော်တို.ရဲ. သူငယ်ချင်း၊ ကျွန်တော်တို.ရဲ.ကစားဖေါ်၊
ကျွန်တော်တို.ရဲ. ပန်းချီကား၊
မြစ်ဆုံမှာ ဧရာဝတီနဲ.နာကျင်စွာပြန်ဆုံ၊နောက်တော့ဝေးပြန်ရော၊
(
၂ )
ကားပေါ်ကအမြဲလှမ်းကြည့်မိတယ်၊ ဒီနေရာမှာသူမရှိတော့ဘူး၊
ဒီလမ်းကို သူပြန်မလာနိုင်တော့ဘူး၊ ဒါပေမယ့် အားလုံးရင်ထဲမှာ ကျွန်တော်တို. ကျွန်တော်တို.ရှေ.ကလူတွေ
အမှတ်ရနေမှာ၊
ဗာဒံရွက်ကြွေ၊ချိုပေါ့ကျတစ်ခွက်၊ ငွေတောင်တစ်လိပ်နဲ.
ကဗျာဆရာတွေ၊ လက်ဖြစ်ကဗျာစာအုပ်လေးတွေ ပွင့်ရာ ဦးချစ်လက်ဘက်ရည်ဆိုင်၊ဒီထက်မကတဲ့ သမိုင်းကြောင်းတွေရှိရာ၊ခု
လှည်းတန်းရောက်တိုင်း ဦးချစ်ဆိုင်ကို သတိတရ၊ ဘာရယ်မဟုတ်၊ ရင်ထဲစူးရှရှ၊ ရှိနေစေချင်တာ
ကျွန်တော်တစ်ယောက်ထဲရဲ.ဆန္ဒမဟုတ်လောက်ဘူး၊ ဘ၀မှာ ချစ်သောသူနဲ.ကွေကွင်းခြင်း ဆိုတာ အင်မတန်
ခံစားရခက်စေခဲ့တယ်၊
ညနေခင်း၊ အင်းလျားကန်ဘောင်၊ အကြော်တစ်ပွဲ၊
သူငယ်ချင်းတစ်စု၊ ဒဏ်ရာကိုယ်စီနဲ.၊ အသည်းကွဲတေးလဲ မဆိုနိုင်ခဲ့၊ အနားပြာဝန်ထမ်းတစ်ယောက်ရဲ.လစာ၊
မိသားစု (၇)ယောက်၊ ပျောက်ရှအက်ကွဲနေတဲ့ အနာဂတ်တွေနဲ. ရွှေရောင်တောက်ခဲ့တဲ့ ကောလိပ်နေ.ရက်များ၊
ကိုခင်ဝမ်းရဲ.သီချင်းတစ်ပုဒ်လို ………..
“ညချမ်းဆည်းဆာတစ်ခုမှာ ရွှေဘိုဆောင်ဟာ
ကျောင်းတော်သားတစ်ယောက်လို
တည်ကြည်လို.နေတယ် အခန်းတချို.မှာမီးလင်းနေပြီ
အပေါ်ဆုံးထပ်က အသည်းကွဲသမားဟာ ဆောင်းဦးပေါက်တေးသွားကို
တီးခတ်လိုက်တော့ နှင်းမြူတွေဟာ
ပိုပြီးသိပ်သည်းလာတယ်
ရှည်လျားတဲ့နေ.ရက်များစွာ ပျင်းချည်တလှည့်
ပျော်တလှည့် ကုန်ခဲ့စဉ်ခါ
အပေါင်းအသင်း ( ၇ )ယောက်ရဲ.ကြား
ခင်မင်သူ (၁၀၀ )ကျော်နဲ.
ဘ၀မှာ ရွှေရောင်တောက်ခဲ့တဲ့ ကောလိပ်နေ.ရက်များ
…….”
ရွှေရောင်တောက်ခဲ့တယ်၊ ဆင်းရဲမွဲတေမှုတွေနဲ.၊
မပြည့်စုံမှုတွေနဲ.၊ပျို.အန်ချင်စရာကောင်းလောက်အောင်၊
No comments:
Post a Comment