ငါ့ကို တောင်တွေပြန်ပေး
တောင်တွေ
မြူခိုးဝေ ။
ဟိုဘက်မှာ
နေရာတစ်ခု
ခုထက်ထိ
လွမ်းမိသေး ။
နှင်းစက်တွေနဲ.
သစ်ရွက်တို.ညည်းတွားသံ
မပီမသကြားရဲ.
ဂစ်တာသံရယ်
မနက်ဖြန်မနိုးပါစေနဲ. ။
ညကိုဖက်ထားရင်း
မနှစ်သိမ့်နိုင်သော
နောက်တစ်နေ.
မလွဲမသွေ ။
တစ်ယောက်တစ်လမ်း
မနေ.ကပန်းတွေ
ခမ်းကြွေလို. ။
အိမ်ပြန်ခဲ့
တိမ်တွေပေါ်မှာ
အိပ်မက်မပြယ် ။ ။
ဝင်းကို
၁၄-၄-၂၀၁၃
No comments:
Post a Comment